မိတ်ကပ်လိမ်းခြင်း၏ဆိုးကျိုးများ
15-Sep-2017
အမြဲတမ်းမိတ်ကပ်လိမ်းနေကျသူတွေကမိတ်ကပ်မလိမ်းဘဲနေရမှာခက်ခဲလှပါတယ်။ နှုတ်ခမ်းနီလေးဆိုးရမှမျက်လုံးမှာလိုင်နာလေးထည့်လိုက်ရမှ မိမိကိုယ်မိမိယုံကြည်ချက်အပြည့်အဝရှိတယ် လို့ ထင်မှတ်နေတယ့်အမျိုးသမီးတွေအတွက်မိတ်ကပ်ကိုရေရှည်လိမ်းရာမှာဖြစ်နိုင်တဲ့ဆိုးကျိုးတွေကိုဖော်ပြပေးလိုက်ပါတယ်။
(၁)မျက်စိတစ်ဝိုက်နေရာအတွက်ဆိုးကျိုးများ
အောက်ခံမိတ်ကပ်ပဲလိမ်းလိမ်း၊ မျက်တောင်ကော့ဆေးပဲဆိုးဆိုး မျက်စိတစ်ဝိုက်နေရာတွေမှာအောက်ပါဆိုးကျိုးများရနိုင်ပါတယ်။
မျက်စိတစ်ဝိုက်အရေးအကြောင်းပေါ်ခြင်း
မိတ်ကပ်လိမ်းတဲ့အခါအောက်ခံဖောင်ဒေးရှင်းကအလွန်အရေးကြိးတဲ့အစိတ်အပိုင်း တစ်ခုပါ။ဒါပေမယ့်မျက်စိနေရာမှာနေ့စဉ်အသုံးပြုတာက မျက်စိတစ်ဝိုက်အရေးအကြောင်းတွေပေါ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့မျက်စိတစ်ဝိုက်ကအသားအရေကအလွန်ပါးလွှာတဲ့အတွက်အဲဒီနေရာကိုမိတ်ကပ်ဖိပြီးလိမ်းတာကအသားအရေပျက်ဆီးနိုင်တာကြောင့်ပါ။
မျက်တောင်ကျွတ်နိုင်ပါတယ်
မျက်တောင်ကော့ဆေးကိုနေ့စဉ်အသုံးပြုဖန်များတဲ့သူတွေမှာမျက်တောင်မွှေးကမာပြီးကျွတ်ဆတ်သွားနိုင်ပါတယ်။ဒါကြောင့်မျက်တောင်မွှေးကျွတ်လွယ်တဲ့အတွက်မျက်တောင်ကော့ဆေးကိုတစ်ခါတစ်ရံမှအသုံးပြုပါ။
မျက်စိအတွင်းရောဂါပိုးဝင်ခြင်း
မျက်တောင်ကော့ဆေးနဲ့အိုင်းရှဲဒိုးတွေကမျက်လုံးကိုယားယံတာနဲ့မျက်စိအတွင်းရောဂါပိုးဝင်တာတွေဖြစ်စေနိုင်တာကြောင့်မျက်စိစွံတာနဲ့မျက်လုံးမှာအဆီကျိတ် ဖြ စ်ပေါ်နိုင်ပါတယ်။
(၂)အရွယ်အိုမင်းမှုမြန်ဆန်ခြင်း
မိတ်ကပ်ကိုလိမ်းပါများတာကြောင့်အောက်ပါအကျိုးသက်ရောက်မှုတွေဖြစ်ပြီးအရွယ်အိုမင်းမှုမြန်ဆန်နိုင်ပါတယ်။
အရေပြားခြောက်သွေ့ခြင်း
မိတ်ကပ်ကအရေပြားကိုခြောက်သွေ့စေတဲ့အတွက် အသားအရေကြမ်းတမ်းပြီးမောပန်းတဲ့အသွင်ဆောင်စေနိုင်ပါတယ်။
အရေပြားမှကော်လာဂျင်များပျက်ဆီးခြင်း
မိတ်ကပ်ကြောင့်အရေပြားဆဲလ်အသစ်တွေထပ်မံမပေါ်ထွက်နိုင်သလိုအရေပြားကျက်နှုန်းကလည်းပုံမှန်ထက်နှေးကွေးသွားနိုင်တဲ့အတွက်ကြောင့်အရေးကြောင်းနဲ့အသားအရေတွန့်တာတွေဖြစ်ပေါ်လာနို်င်ပါတယ်။
အရေပြားတွဲကျခြင်း
မိတ်ကပ်ကအရေပြားရဲ့တစ်သျူးတွေကိုဖျက်ဆီးနိုင်တဲ့အတွက်အရေပြားရဲ့ကျုံ့နိုင်ဆန့်နိုင် အားလည်းလျော့ကျသွားကာရှိတဲ့အသက်ထက်ပို ပိုမိုအိုမင်းတဲ့ပုံပေါက်သွားပါတယ်။ဒါ့အပြင်မိတ်ကပ်က ဘတ်တီးရီးယားတွေ၊ ဖုန်မှုန့်တွေနဲ့ရောသွားပြီး အရွယ်အိုမင်းတဲ့အသွင်ပေါက်နိုင်ပါတယ်။
(၃)အခြားဆိုးကျိုးများ
မွှေးညင်းပေါက်ကျယ်ခြင်း
မိတ်ကပ်ရဲ့အကြွင်းအကျန်တွေကမွှေးညင်းပေါက်အတွင်း ကျန်ရှိနေနိုင်ကာဝက်ခြံပေါက်တာနဲ့မွှေးညင်းပေါက်ကျယ်တာလိုမျိုးပြဿနာတွေဖြစ်နိုင်ပါတယ်။
နှုတ်ခမ်းခြောက်သွေ့ခြင်း နှုတ်ခမ်းနီကိုထပ်ခါတလဲလဲဆိုးတဲ့သူတွေရဲ့နှုတ်ခမ်းဟာအမြဲတမ်း
ခြောက်သွေ့နေပြီး
နှုတ်ခမ်းအရောင်မည်းနေတတ်ပါတယ်။
အရေပြားအရောင်ပြောင်းခြင်း
တချို့အလှကုန်ပစ္စည်းတွေကအရေပြားပေါ်မှာအရောင်စွန်းထင်းပြိးကျန်ရစ်ခဲ့တတ်ပါတယ်။
ခေါင်းကိုက်ခြင်း
တချို့မိတ်ကပ်မှာပါ၀င်တဲ့ဓာတုပစ္စည်းတွေကခေါင်းကိုက်စေနိုင်တယ်လို့သိပ္ပံနည်းကျသက်သေပြနို်င်ပါတယ်။
အရေပြားကင်ဆာဖြစ်ခြင်း
မိတ်ကပ်ကိုပုံမှန်အသုံးပြုပါများတာကြောင့် ကင်ဆာဖြစ်နိုင်ခြေမြင့်မားနိုင်ပါတယ်။
ဒါကြောင့်ရုံးပိတ်ရက်အိမ်မှာနေတဲ့ရက်တွေမှာတတ်နိုင်သမျှမျတ်ကပ်မလိမ်းထားပါနဲ့။သာမန်ရုံးတက်ရက်တွေမှာလဲမိတ်ကပ်ပါးပါးသာလိမ်းပြီးပွဲလမ်းသဘင်ရှိတဲ့အခါမှသာမျက်တောင်ကော့ဆေးအသုံးပြုတာ၊အိုင်းရှဲဒိုးဆိုးတာတွေလုပ်သင့်ပါတယ်။ဒါ့အပြင်ရေများများသောက်တာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားတာနဲဆေးဖက်ဝင်ဟင်းသီးဟင်းရွက်စားသုံးတာတွေပြုလုပ်ခြင်းအားဖြင့်အရွယ်တင်နုပျိုစေနိုင်ပါတယ်။
Credit:အာရောဂျံ Magazine(လှပတ္တမြား)